ပစ္စည်း
ArticleParticles support nouns and verbs by adding grammatical meaning, emphasis, relation, or nuance.
နာမ်၊ နာမ်စား၊ နာမဝိသေသန၊ ကြိယာ၊ ကြိယာဝိသေသနတို့၏ အဓိပ္ပာယ်ကို ထူးခြားလေးနက်အောင် ကူညီထောက်ပံ့သော စကားလုံးကို 'ပစ္စည်း'ဟု ခေါ်သည်။
Study path
Read the rule first, scan the examples, then use the practice links after the lesson to build sentences with this grammar point.
ပစ္စည်း
ပစ္စည်း '၃'မျိုး ရှိသည်။
နာမ်ပစ္စည်း
နာမ်၊ နာမ်စားတို့၏ အဓိပ္ပာယ်ကို ထူးခြားလေးနက်အောင် ကူညီထောက်ပံ့သော ပစ္စည်းကို 'နာမ်ပစ္စည်း'ဟု ခေါ်သည်။
ကြိယာပစ္စည်း
ကြိယာ၏ အဓိပ္ပာယ်ကို ထူးခြားလေးနက်အောင် ကူညီထောက်ပံ့သော ပစ္စည်းကို 'ကြိယာပစ္စည်း'ဟု ခေါ်သည်။
ပုဒ်ပြောင်းပစ္စည်း
ကြိယာနှင့် နာမဝိသေသနတို့ကို နာမ်အဖြစ်သို့လည်းကောင်း၊ ကြိယာကို နာမဝိသေသနအဖြစ်လည်းကောင်း၊ ကြိယာနှင့် နာမဝိသေသနတို့ကို ကြိယာဝိသေသန အဖြစ်သို့လည်းကောင် ပြောင်းရာ၌ အသုံးပြုသော ပစ္စည်းကို 'ပုဒ်ပြောင်းပစ္စည်း'ဟု ခေါ်သည်။
လေ့ကျင့်ရန်
ဤအကြောင်းအရာကို နားလည်ပြီးလျှင် စကားလုံးရှာခြင်း၊ ဝါကျတည်ဆောက်ခြင်း နှင့် speaking pattern များဖြင့် ဆက်လက်လေ့ကျင့်နိုင်သည်။