Grammar/အာမေဍိတ်

အာမေဍိတ်

Interjection

An interjection is a sudden sound or expression that shows feeling, surprise, fear, joy, or calling.

ထိတ်လန့်ခြင်း၊ ဝမ်းသာခြင်း၊ အံ့သြခြင်းသည့် တစ်စုံတစ်ခုသော အကြောင်းကြောင့် ပြင်းပြင်းထန်ထန် စိတ်လှုပ်ရှားကာ နှုတ်မှ ရုတ်တရက် ထွက်ပေါ်လာသော အသံကို 'အာမေဍိတ်'ဟု ခေါ်သည်။

Lesson overview

Study path

Read the rule first, scan the examples, then use the practice links after the lesson to build sentences with this grammar point.

Sections 0Examples 9Tables 0
သာဓက
အမယ်လေးအံ့ရောဟဲ့ဟဲ့တယ်အားဟင်လိုက်ဟပေးစမ်းမြန်မြန်အော်ဟယ်
ထိတ်လန့်ကြောက်ရွှံ့သဖြင့် နှုတ်မှ ရုတ်တရက် ထွက်ပေါ်လာသော အသံတို့သည် အာမေဍိတ်များ ဖြစ်သည်။

'အမယ်လေး... မြွေကြီး၊ မြွေကြီး'

'သူခိုး... သူခိုး'

တစ်စုံတစ်ရာကို နှစ်သက်ဝမ်းမြောက်သဖြင့် နှုတ်မှ ရုတ်တရက် ထွက်ပေါ်လာသော အသံတို့သည် အာမေဍိတ်များ ဖြစ်ကြသည်။

'နိုင်ပြီဟေ့... နိုင်ပြီ'

'ကောင်းကွာ... သိပ်ကောင်း'

ထို့အသံတို့သည် တစ်စုံတစ်ရာကို တွေ့မြင့်အံ့သြသဖြင့် နှုတ်မှ ရုတ်တရက် ထွက်ပေါ်လာသော အသံတို့သည် အာမေဍိတ်များ ဖြစ်ကြသည်။

'အံ့ရော... ဧရာမကြီးပဲ'

'ကြည့်ကြည့်... မိုးပေါ်တက်သွားပြီ'

တစ်စုံတစ်ယောက်အတွက် စိုးရိမ်ကြောင့်ကြသဖြင့် နှုတ်မှ ရုတ်တရက် ထွက်ပေါ်လာသော အသံတို့သည် အာမေဍိတ်များ ဖြစ်ကြသည်။

'ဟဲ့ဟဲ့... လဲမယ်၊ လဲမယ်'

'ကားလာတယ်... ရပ်၊ ရပ်'

တစ်စုံတစ်ယောက်ကို စိတ်ဆိုးသဖြင့် နှုတ်မှ ရုတ်တရက် ထွက်ပေါ်လာသော အသံတို့သည် အာမေဍိတ်များ ဖြစ်ကြသည်။

'တယ်... ငါလုပ်လိုက်ရ'

'လိုက်ဟ... လိုက်ဟ'

'ရိုက်... ရိုက်'

တစ်စုံတစ်ရာကို မနှစ်သက်သဖြင့် နှုတ်မှ ရုတ်တရက် ထွက်ပေါ်လာသော အသံတို့သည် အာမေဍိတ်များ ဖြစ်ကြသည်။

'အား... ငရုတ်သီး စပ်လိုက်တာ'

'ဟင်... တယ်ညံ့တာကိုး'

အလျင်စလို ပြုမူပြောဆိုသောအခါ နှုတ်မှ ရုတ်တရက် ထွက်ပေါ်လာသော အသံတို့သည် အာမေဍိတ်များ ဖြစ်ကြသည်။

'ပေးစမ်း... ပေးစမ်း'

'မြန်မြန်... မြန်မြန်'

တစ်စုံတစ်ယောက်၊ တစ်စုံတစ်ခုအတွက် ဝမ်းနည်းသဖြင့် နှုတ်မှ ရုတ်တရက် ထွက်ပေါ်လာသော အသံတို့သည် အာမေဍိတ်များ ဖြစ်ကြသည်။

'အော်... ဖြစ်မှဖြစ်ရလေ'

'ဟယ်... ငါ့ဖောင်တိန်လေး ကျိုးသွားပြီ'

Practice

လေ့ကျင့်ရန်

ဤအကြောင်းအရာကို နားလည်ပြီးလျှင် စကားလုံးရှာခြင်း၊ ဝါကျတည်ဆောက်ခြင်း နှင့် speaking pattern များဖြင့် ဆက်လက်လေ့ကျင့်နိုင်သည်။

ပစ္စည်းအက္ခရာ