သမ္ဗန္ဓ
ConjunctionA conjunction connects words, phrases, clauses, or sentences and shows how their meanings relate.
ပုဒ်အချင်းချင်းကိုဖြစ်စေ၊ ဝါကျအချင်းချင်းကိုဖြစ်စေ၊ အဓိပ္ပာယ်အချင်းချင်းကိုဖြစ်စေ ဆက်စပ်ပေးသော စကားလုံးကို 'သမ္ဗန္ဓ'ဟု ခေါ်သည်။
Study path
Read the rule first, scan the examples, then use the practice links after the lesson to build sentences with this grammar point.
ဆက်စပ်ပုံအရ သမ္ဗန္ဓ
ဆက်စပ်ပုံအရ သမ္ဗန္ဓ '၃'မျိုး ရှိသည်။
အနက်အဓိပ္ပာယ်အရ သမ္ဗန္ဓ
အနက်အဓိပ္ပာယ်အရ သမ္ဗန္ဓ '၁၁'မျိုး ရှိသည်။
ပုဒ်ဆက်သမ္ဗန္ဓ
ပုဒ်အချင်းချင်းကို ဆက်စပ်ပေးသော သမ္ဗန္ဓကို 'ပုဒ်ဆက်သမ္ဗန္ဓ'ဟု ခေါ်သည်။
ဤဝါကျတွင် မောင်ပု၊ မစု တို့သည် နာမ်ပုဒ်များ ဖြစ်ကြသည် အဆိုပါ နာမ်ပုဒ်(၂)ခုကို 'နှင့်' ဟူသော သမ္ဗန္ဓက ဆက်စပ်ပေးသည်။
ထို့ကြောင့် 'နှင့်' သည် ပုဒ်အချင်းချင်း ဆက်စပ်ပေးသော ပုဒ်ဆက်သမ္ဗန္ဓ ဖြစ်သည်။
ဤဝါကျတွင် နှင်းဆီပန်း၊ စံပယ်ပန်း တို့သည် နာမ်ပုဒ် များဖြစ်ကြသည်။
အဆိုပါနာမ်ပုဒ်(၂)ခုကို 'သို့မဟုတ်' ဟူသော သမ္ဗန္ဓက ဆက်စပ်ပေးသည်။
ထို့ကြောင့် 'သို့မဟုတ်'သည် ပုဒ်အချင်းချင်း ဆက်စပ်ပေးသော ပုဒ်ဆက်သမ္ဗန္ဓ ဖြစ်သည်။
ဤဝါကျ၌ မင်း၊ ငါ တို့သည် နာမ်စားများ ဖြစ်ကြသည်။
အဆိုပါ နာမ်စား (၂)ခုကို 'ရော' ဟူသောစကားလုံးနှစ်ခုက ဆက်စပ်ပေးသည်။
ထို့ကြောင့် 'ရော' သည် ပုဒ်အချင်းချင်းကို ဆက်စပ်ပေးသော ပုဒ်ဆက်သမ္ဗန္ဓ ဖြစ်သည်။
ဝါကျဆက်သမ္ဗန္ဓ
ဝါကျအချင်းချင်း ဆက်စပ်ပေးသော သမ္ဗန္ဓကို 'ဝါကျဆက်သမ္ဗန္ဓ'ဟု ခေါ်သည်။
ပထမဝါကျနှင့် ဒုတိယ ဝါကျတို့သည် သီးခြားဝါကျများ ဖြစ်ကြသည်။
ထိုဝါကျ(၂)ခုကို 'သောကြောင့်' ဟူသော သမ္ဗ္ဓန္ဓဖြင့် ဆက်စပ်နိုင်သည်။ ထိုအခါ တတိယဝါကျဖြစ်လာသည်။
သို့ဖြစ်၍ 'သောကြောင့်' သည် ဝါကျအချင်းချင်းကို ဆက်စပ်ပေးသော ဝါကျဆက်သမ္ဗန္ဓ ဖြစ်သည်။
ပထမဝါကျနှင့် ဒုတိယ ဝါကျတို့သည် သီးခြားဝါကျများ ဖြစ်ကြသည်။
ထိုဝါကျ(၂)ကို 'သောအခါ' ဟူသော သမ္ဗန္ဓဖြင့် ဆက်စပ်နိုင်သည်။ ထိုအခါ တတိယဝါကျဖြစ်လာသည်။
သို့ဖြစ်၍ 'သောအခါ' သည် ဝါကျအချင်းချင်းကို ဆက်စပ်ပေးသော ဝါကျဆက်သမ္ဗန္ဓ ဖြစ်သည်။
ပထမဝါကျနှင့် ဒုတိယဝါကျတို့သည် သီးခြားဝါကျများဖြစ်ကြသည်။
ထိုဝါကျ(၂)ခုကို 'သာမက' ဟူသော သမ္ဗန္ဓဖြင့် ဆက်စပ်နိုင်သည်။ ထိုအခါ တတိယဝါကျဖြစ်လာသည်။
သို့ဖြစ်၍ 'သာမက' သည် ဝါကျအချင်းချင်းကို ဆက်စပ်ပေးသော ဝါကျဆက်သမ္ဗန္ဓ ဖြစ်သည်။
အဓိပ္ပာယ်ဆက်သမ္ဗန္ဓ
သီးခြားဝါကျတို့၌ ပါရှိသော အဓိပ္ပာယ်အချင်းချင်းကို ဆက်စပ်ပေးသော သမ္ဗန္ဓကို 'အဓိပ္ပာယ်ဆက်သမ္ဗန္ဓ'ဟု ခေါ်သည်။
ပထမဝါကျနှင့် ဒုတိယဝါကျတို့သည် သီးခြားဝါကျ များဖြစ်ကြသည်။
ထိုဝါကျ(၂)ခုတို့သည် 'ထို့ကြောင့်' ဟူသော သမ္ဗန္ဓဖြင့် ဆက်စပ်နိုင်သည်။ ထိုအခါ သီးခြားရှိနေကြသော ဝါကျ(၂)တို့သည် အဓိပ္ပာယ်အရ ဆက်သွယ်မှုရှိလာသည်။
သို့ဖြစ်၍ 'ထို့ကြောင့်' သည် သီးခြားဝါကျတို့ကို အဓိပ္ပာယ်အရ ဆက်စပ်ပေးသော အဓိပ္ပာယ်ဆက်သမ္ဗန္ဓ ဖြစ်သည်။
ပထမဝါကျနှင့် ဒုတိယဝါကျတို့သည် သီးခြားဝါကျများ ဖြစ်ကြသည်။
ထိုဝါကျ(၂)ခုကို 'ထိုအခါ' ဟူသော သမ္ဗန္ဓဖြင့် ဆက်စပ်နိုင်သည်။ ထိုအခါ သီးခြားရှိနေကြသော ဝါကျ(၂)တို့သည် အဓိပ္ပာယ်အရ ဆက်သွယ်မှုရှိလာသည်။
သို့ဖြစ်၍ 'ထိုအခါ'သည် သီးခြားဝါကျများကို အဓိပ္ပာယ်အရ ဆက်စပ်ပေးသော အဓိပ္ပာယ်ဆက်သမ္ဗန္ဓ ဖြစ်သည်။
ပထမဝါကျနှင့် ဒုတိယဝါကျတို့သည် သီးခြားဝါကျများဖြစ်ကြသည်။
ထိုဝါကျ(၂)ခုကို 'ထို့ပြင်...လည်း' ဟူသော သမ္ဗန္ဓဖြင့် ဆက်စပ်နိုင်သည်။ ထိုအခါ သီးခြားရှိနေကြသော ဝါကျ(၂)ခုတို့သည် အဓိပ္ပာယ်အရ ဆက်သွယ်မှု ရှိလာသည်။
သို့ဖြစ်၍ 'ထို့ပြင်... လည်း' သည်သီးခြား ဝါကျများကို အဓိပ္ပာယ်အရ ဆက်စပ်ပေးသော အဓိပ္ပာယ်ဆက်သမ္ဗန္ဓ ဖြစ်သည်။
ဆန့်ကျင်ပြသမ္ဗန္ဓ
ရှေ့၌ဖော်ပြသော အကြောင်းအရာကို နောက်၌ဖော်ပြသည့် အကြောင်းအရာက ဆန့်ကျင်သည့်အနက်ဖြင့် ဆက်စပ်ပေးသော သမ္ဗန္ဓကို 'ဆန့်ကျင်ပြသမ္ဗန္ဓ'ဟု ခေါ်သည်။
အချိန်ပြသမ္ဗန္ဓ
အခြေအနေ၊ အကြောင်းအရာ စသည်တို့ ဖြစ်ပျက်သော အချိန်ကာကို ပြခြင်းဖြင့် ဆက်စပ်ပေးသော သမ္ဗန္ဓကို 'အချိန်ပြသမ္ဗန္ဓ'ဟု ခေါ်သည်။
အကျိုးမျှော်ပြသမ္ဗန္ဓ
အကျိုးတစ်စုံတစ်ရာကို မျှော်လင့်သည့်အနက်ဖြင့် ဆက်စပ်ပေးသော သမ္ဗန္ဓကို 'အကျိုးမျှော်ပြသမ္ဗန္ဓ'ဟု ခေါ်သည်။
အကြောင်းပြသမ္ဗန္ဓ
အကြောင်းပြသည့်အနက်ဖြင့် ဆက်စပ်ပေးသော သမ္ဗန္ဓကို 'အကြောင်းပြသမ္ဗန္ဓ'ဟု ခေါ်သည်။
နှိုင်းယှဉ်ပြသမ္ဗန္ဓ
နှိုင်းယှဉ်သည့်အနက်ဖြင့် ဆက်စပ်ပေးသော သမ္ဗန္ဓကို 'နှိုင်းယှဉ်ပြသမ္ဗန္ဓ'ဟု ခေါ်သည်။
ပေါင်းစည်းပြသမ္ဗန္ဓ
လူ၊ အရာဝတ္ထု၊ အကြောင်းအရာတို့ကို ပေါင်းစည်းသည့်အနက်ဖြင့် ဆက်စပ်ပေးသော သမ္ဗန္ဓကို 'ပေါင်းစည်းပြသမ္ဗန္ဓ'ဟု ခေါ်သည်။
ရွေးချယ်ပြသမ္ဗန္ဓ
တစ်ဦးမဟုတ်တစ်ဦး၊ တစ်ခုမဟုတ်တစ်ခုကို ရွေးချယ်သည့်အနက်ဖြင့် ဆက်စပ်ပေးသော သမ္ဗန္ဓကို 'ရွေးချယ်ပြသမ္ဗန္ဓ'ဟု ခေါ်သည်။
ကန့်သတ်ချက်ပြသမ္ဗန္ဓ
တစ်စုံတစ်ရာသော အခြေအနေကို ကန့်သတ်သည့်အနက်ဖြင့် ဖြစ်စေ၊ စည်းကမ်းသတ်မှတ်သည့် အနက်ဖြင့် ဖြစ်စေ ဆက်စပ်ပေးသော သမ္ဗန္ဓကို 'ကန့်သတ်ချက်ပြသမ္ဗန္ဓ'ဟု ခေါ်သည်။
ကန့်သတ်မဲ့ပြသမ္ဗန္ဓ
တစ်စုံတစ်ရာသော အခြေအနေကို ကန့်သတ်ခြင်းမရှိသည့် အနက်ဖြင့် ဖြစ်စေ၊ စည်းကမ်းသတ်မှတ်ခြင်း မရှိသည့် အနက်ဖြင့် ဖြစ်စေ ဆက်စပ်ပေးသော သမ္ဗန္ဓကို 'ကန့်သတ်မဲ့ပြသမ္ဗန္ဓ'ဟု ခေါ်သည်။
တစ်ပြိုင်နက်ပြသမ္ဗန္ဓ
တစ်ပြိုင်နက် ဆောင်ရွက်ခြင်း၊ ဖြစ်ပေါ်ခြင်း အနက်ဖြင့် ဝါကျအချင်းချင်း ဆက်စပ်ပေးသော သမ္ဗန္ဓကို 'တစ်ပြိုင်နက်ပြသမ္ဗန္ဓ'ဟု ခေါ်သည်။
တစ်ခုပြီးတစ်ခုပြသမ္ဗန္ဓ
တစ်ခုပြီးတစ်ခု ဆောင်ရွက်ခြင်း၊ ဖြစ်ပေါ်ခြင်း အနက်ဖြင့် ဝါကျအချင်းချင်း ဆက်စပ်ပေးသော သမ္ဗန္ဓကို 'တစ်ခုပြီးတစ်ခုပြသမ္ဗန္ဓ'ဟု ခေါ်သည်။
လေ့ကျင့်ရန်
ဤအကြောင်းအရာကို နားလည်ပြီးလျှင် စကားလုံးရှာခြင်း၊ ဝါကျတည်ဆောက်ခြင်း နှင့် speaking pattern များဖြင့် ဆက်လက်လေ့ကျင့်နိုင်သည်။