ကြိယာ
VerbA verb expresses an action, occurrence, process, or state of being.
ပြုခြင်းကိုဖြစ်စေ၊ ဖြစ်ခြင်းကိုဖြစ်စေ၊ ရှိခြင်းကိုဖြစ်စေ ပြသောပုဒ်ကို 'ကြိယာ'ဟု ခေါ်သည်။
Study path
Read the rule first, scan the examples, then use the practice links after the lesson to build sentences with this grammar point.
အနက်အဓိပ္ပါယ်အရ ကြိယာ
အနက်အဓိပ္ပါယ်အရ ကြိယာ '၃'မျိုး ရှိသည်။
ဖွဲ့စည်းတည်ဆောက်ပုံအရ ကြိယာ
ဖွဲ့စည်းတည်ဆောက်ပုံအရ ကြိယာ '၃'မျိုး ရှိသည်။
ပြုခြင်းပြကြိယာ
ပြုမူလှုပ်ရှားမှုကို ပြသော ကြိယာကို 'ပြုခြင်းပြကြိယာ'ဟု ခေါ်သည်။
ဤဝါကျ၌ 'ပြေး' ဟူသော ကြိယာသည် 'သူ' ဟူသော ကတ္တား၏ ပြုခြင်းကို ပြသည်။
ဤဝါကျ၌ 'ကန်' ဟူသော ကြိယာသည် 'ညီညီ' ဟူသော ကတ္တား၏ ပြုခြင်းကို ပြသည်။
ဤဝါကျ၌ 'ခွဲ' ဟူသော ကြိယာသည် 'အဖေ' ဟူသော ကတ္တား၏ ပြုခြင်းကို ပြသည်။
ဤဝါကျ၌ 'ချက်' ဟူသော ကြိယာသည် 'အမေ' ဟူသော ကတ္တား၏ ပြုခြင်းကို ပြသည်။
ထို့ကြောင့် 'ပြေး၊ ကန်၊ ခွဲ၊ ချက်' ဟူသော ကြိယာတို့သည် ပြုခြင်းကို ပြသည်။
ဖြစ်ခြင်းပြကြိယာ
သက်ရှိသက်မဲ့တို့၏ ဖြစ်မှုအခြေအနေကို ဖော်ပြသော ကြိယာကို 'ဖြစ်ခြင်းပြကြိယာ'ဟု ခေါ်သည်။
ဤဝါကျ၌ 'ကွဲ' ဟူသော ကြိယာသည် ' ဖန်ခွက် ' ဟူသော ကတ္တား၏ ဖြစ်မှုအခြေအနေ ကိုပြသည်။
ဤဝါကျ၌ 'ကျက်' ဟူသော ကြိယာသည် 'ထမင်း' ဟူသော ကတ္တား၏ ဖြစ်မှုအခြေအနေ ကိုပြသည်။
ဤဝါကျ၌ 'ပျော်' ဟူသော ကြိယာသည် 'သူ' ဟူသော ကတ္တား၏ ဖြစ်မှုအခြေအနေ ကိုပြသည်။
ဤဝါကျ၌ 'ဖြစ်' ဟူသော ကြိယာသည် 'မောင်ဘ' ဟူသော ကတ္တား၏ ဖြစ်မှုအခြေအနေ ကိုပြသည်။
ရှိခြင်းပြကြိယာ
လူ၊ နေရာဒေသ၊ အရာဝတ္ထု စသည်တို့ ရှိနေခြင်း၊ တည်နေခြင်းကို ပြသော ကြိယာကို 'ရှိခြင်းပြကြိယာ'ဟု ခေါ်သည်။
'ရှိ' ဟူသော ကြိယာသည် ' ကြာ' ဟူသော ကတ္တား၏ ရှိခြင်းကို ပြသည်။
'တည်ရှိ' ဟူသော ကြိယာသည် 'ရန်ကုန်မြို့' ဟူသော ကတ္တား၏ ရှိခြင်းကို ပြသည်။
'ရှိ' ဟူသော ကြိယာသည် 'ငွေငါးကျပ်' ဟူသော ကတ္တား၏ ရှိခြင်းကို ပြသည်။
'ရှိ' ဟူသော ကြိယာသည် 'အဖေ' ဟူသော ကတ္တား၏ ရှိခြင်းကို ပြသည်။
'ရှိ' ဟူသော ကြိယာသည် 'ကစားကွင်း' ဟူသော ကတ္တား၏ ရှိခြင်းကို ပြသည်။
ထိုကြောင့် 'ရှိ၊ တည်ရှိ' ဟူသော ကြိယာသည်တို့သည် ရှိခြင်းကိုပြသည့် ရှိခြင်းကြိယာများ ဖြစ်ကြသည်။
ပင်ကိုကြိယာ
မြန်မာသဒ္ဒါနည်းဖြင့် ခွဲစိတ်၍လည်းမရ၊ ပေါင်းစပ်ဖွဲ့စည်းထားခြင်းလည်းမဟုတ်၊ မူလအတိုင်းဖြစ်သော ပြုခြင်း၊ ဖြစ်ခြင်း၊ ရှိခြင်းကို ပြသော ကြိယာကို 'ပင်ကိုကြိယာ'ဟု ခေါ်သည်။
'စား၊ ဆင်း၊ ရှိ၊ ဖြစ်' အစရှိသည်တို့သည် ခွဲစိတ်၍လည်းမရ၊ ပေါင်းစပ်ဖွဲ့စည်းထားခြင်းလည်းမဟုတ်သော ပင်ကိုကြိယာများ ဖြစ်ကြသည်။
'ကစား' ဟူသော ကြိယာသည်လည်း ခွဲစိတ်၍ မရသော၊ ပေါင်းစပ်ဖွဲ့စည်း ထားခြင်းလည်းမဟုတ်သော ပင်ကိုကြိယာ ဖြစ်သည်။ 'ကစား'၏ ဆိုလိုရင်း အနက် တစ်ခုမှာ 'ကျည်းသာ၊ ခုံညင်းဒိုး၊ ဘောလုံး' စသည်တို့ဖြင့် 'ကိုယ်လက်လှုပ်ရှားမြူးတူးပျော်ပါးသည်' ဟူ၍ ဖြစ်သည်။
ကစားကို ခွဲစိတ်လိုက်လျှင် 'က' နှင့် 'စား' ဟူသော အစိတ်အပိုင်းနှစ်ခုကို ရမည်။ သို့ရာတွင် 'က' သည်လည်းကောင်း၊ 'စား' သည်လည်းကောင်း 'ကစား' ၏ ဆိုလိုရင်း အနက်ကို မပေးနိုင်ချေ။ ခွဲစိတ်ခြင်းဖြင့် မူလအဓိပ္ပာယ်မှာ ပျက်သွားသည်။ ထို့ကြောင့် 'ကစား 'သည် ခွဲစိတ်၍မရနိုင်သော ပင်ကိုကြိယာ ဖြစ်သည်။
ထို့ပြင် 'ကွာခြား၊ ခုတ်ထစ်၊ ရောင်းဝယ်၊ စွန့်ကြဲ' စသည်တို့ ကဲ့သို့ ပုဒ်အချင်းချင်းပေါင်းစပ်ဖွဲ့စည်းထားသည့် ပေါင်းစပ်ပုဒ်လည်းမဟုတ် သောကြောင့် 'ကစား'သည် ပင်ကိုကြိယာ ဖြစ်သည်။
ထိုနည်းအတူ 'သနား၊ ကဲ့ရဲ့၊ ရိုသေ' တို့သည်လည်း ခွဲစိတ်၍လည်းမရ၊ ပေါင်းစပ်ဖွဲ့စည်းထားခြင်းလည်းမဟုတ်သော ပင်ကိုကြိယာများ ဖြစ်ကြသည်။
ဂုဏ်ရည်ပြကြိယာ
ဂုဏ်အရည်အချင်းပြပုဒ်များ၏ နောက်၌ ကြိယာဝိဘတ်ကို ဆက်ခြင်းဖြင့် ကြိယာကို 'ဂုဏ်ရည်ပြကြိယာ'ဟု ခေါ်သည်။
'ပျင်း၊ ချို၊ လှ၊ မတ်စောက်၊ သာယာ' တို့သည် ဂုဏ်အရည်အချင်းပြပုဒ်များ ဖြစ်ကြသည်။ ၄င်းတို့၏နောက်၌ ကြိယာဝိဘတ်များ ဖြစ်သော 'သည်၊ ၏' တို့ကို ဆက်လိုက်သောအခါ 'ပျင်းသည်/၏ ၊ ချိုသည်/၏ ၊ လှသည်/၏ ၊ မတ်စောက်သည်/၏ ၊ သာယာသည်/၏' စသော ဂုဏ်ရည်ပြကြိယာများ ဖြစ်လာကြသည်။
ဂုဏ်ရည်ပြကြိယာ အချို့
| ဂုဏ်အရည်အချင်းပြပုဒ် | ကြိယာဝိဘတ် | ဂုဏ်ရည်ပြကြိယာ | |
|---|---|---|---|
| ပူ | ၏ | → | ပူ၏ |
| အေး | သည် | → | အေးသည် |
| နီ | ၏ | → | နီ၏ |
| ထင်ရှား | သည် | → | ထင်ရှားသည် |
| လှပ | ၏ | → | လှပ၏ |
| စိမ်းလန်း | သည် | → | စိမ်းလန်းသည် |
| ခမ်းနား | ၏ | → | ခမ်းနား၏ |
| ချွန်ထက် | သည် | → | ချွန်ထက်သည် |
| မှောင်မိုက် | ၏ | → | မှောင်မိုက်၏ |
| ရဲရင့် | သည် | → | ရဲရင့်သည် |
ပေါင်းစပ်ကြိယာ
ပုဒ်တို့ကို ပေါင်းစပ်ပြီးနောက် ကြိယာဝိဘတ် ဆက်ထားသော ကြိယာကို 'ပေါင်းစပ်ကြိယာ'ဟု ခေါ်သည်။
ကြိယာပုဒ်တစ်ခုနှင့် အခြားကြိယာပုဒ် တစ်ခုတို့ကို ပေါင်းစပ်ပြီးနောက် ကြိယာဝိဘတ် ဆက်လိုက်ခြင်းဖြင့် ပေါင်းစပ်ကြိယာ ဖြစ်လာသည်။
| ကြိယာ | ကြိယာ | ကြိယာဝိဘတ် | ပေါင်းစပ်ကြိယာ | |
|---|---|---|---|---|
| ပြော | ဆို | သည် | → | ပြောဆိုသည် |
| ခုတ် | ထစ် | ၏ | → | ခုတ်ထစ်၏ |
| စား | သောက် | သည် | → | စားသောက်သည် |
| ရောင်း | ဝယ် | ၏ | → | ရောင်းဝယ်၏ |
| ဟော | ပြော | သည် | → | ဟောပြောသည် |
နာမ်ပုဒ်တစ်ခုနှင့် ကြိယာပုဒ်တစ်ခုကို ပေါင်းစပ်ပြီးနောက် ကြိယာဝိဘတ်ဆက်လိုက်ခြင်းဖြင့် ပေါင်းစပ်ကြိယာ ဖြစ်လာသည်။
| နာမ် | ကြိယာ | ကြိယာဝိဘတ် | ပေါင်းစပ်ကြိယာ | |
|---|---|---|---|---|
| ဆေး | ခြယ် | သည် | → | ဆေးခြယ်သည် |
| ကျောက် | ထိုး | ၏ | → | ကျောက်ထိုး၏ |
| ရေ | ကူး | သည် | → | ရေကူးသည် |
| အပြစ် | ပေး | ၏ | → | အပြစ်ပေး၏ |
နာမဝိသေသနပုဒ်တစ်ခုနှင့် အခြား နာမဝိသေသနပုဒ်တစ်ခုကို ပေါင်းစပ်ပြီးနောက် ကြိယာဝိဘတ် ဆက်ခြင်းဖြင့် ပေါင်းစပ်ကြိယာ ဖြစ်လာသည်။
| နာမဝိသေသန | နာမဝိသေသန | ကြိယာဝိဘတ် | ပေါင်းစပ်ကြိယာ | |
|---|---|---|---|---|
| ကောင်း | မြတ် | ၏ | → | ကောင်းမြတ်၏ |
| လျင် | မြန် | သည် | → | လျင်မြန်သည် |
| ကြီး | ကျယ် | ၏ | → | ကြီးကျယ်၏ |
| ဆိုး | ယုတ် | သည် | → | ဆိုးယုတ်သည် |
| မည်း | မှောင် | ၏ | → | မည်းမှောင်၏ |
နာမဝိသေသနတစ်ခုနှင့် ကြိယာပုဒ်တစ်ခု ကိုပေါင်းစပ်ပြီးနောက် ကြိယာ ဝိဘတ်ဆက်ခြင်းဖြင့် ပေါင်းစပ်ကြိယာ ဖြစ်လာသည်။
| နာမဝိသေသန | ကြိယာ | ကြိယာဝိဘတ် | ပေါင်းစပ်ကြိယာ | |
|---|---|---|---|---|
| နိမ့် | ကျ | သည် | → | နိမ့်ကျသည် |
| မြင့် | တက် | ၏ | → | မြင့်တက်၏ |
လေ့ကျင့်ရန်
ဤအကြောင်းအရာကို နားလည်ပြီးလျှင် စကားလုံးရှာခြင်း၊ ဝါကျတည်ဆောက်ခြင်း နှင့် speaking pattern များဖြင့် ဆက်လက်လေ့ကျင့်နိုင်သည်။