Grammar/နာမ်စား

နာမ်စား

Pronoun

A pronoun is used in place of a noun and can point to a person, thing, place, or idea.

နာမ်၏ အစားသုံးသော ပုဒ်ကို 'နာမ်စား'ဟု ခေါ်သည်။

Lesson overview

Study path

Read the rule first, scan the examples, then use the practice links after the lesson to build sentences with this grammar point.

Sections 5Examples 8Tables 0

နာမ်စား

နာမ်စား '၄'မျိုး ရှိသည်။

ပုဂ္ဂလနာမ်စားအညွှန်းနာမ်စားအမေးနာမ်စားသင်္ချာနာမ်စား

ပုဂ္ဂလနာမ်စား

ပုဂ္ဂိုလ်၏ အစားသုံးသော နာမ်းစားကို 'ပုဂ္ဂလနာမ်စား'ဟု ခေါ်သည်။

အညွှန်းနာမ်စား

နာမ်ပုဒ်တစ်ခုကို ညွှန်ပြသည့် နာမ်စားကို 'အညွှန်းနာမ်စား'ဟု ခေါ်သည်။

သာဓက
သည်ထိုယင်း၄င်း
'ပညာရွှေအိုး လူမခိုး' ဟူသော စကား ရှိသည်။ ဤကား ရှေးပညာရှိတို့၏ အဆိုအမိန့်တည်း။

ဤဝါကျ (၂)ခုတွင် ပထမဝါကျရှိ 'စကား'သည် နာမ် ဖြစ်သည်။ ဒုတိယဝါကျရှိ 'ဤ'သည် ပထမဝါကျရှိ 'စကား'ဟူသော နာမ်၏ အစားသုံးထားသော နာမ်စားဖြစ်သည်။ ထို့ပြင် 'စကား' ဟူသော နာမ်ကိုလည်း ညွှန်ပြသည်။

ထို့ကြောင့် 'ဤ' သည် အညွှန်းနာမ်စား ဖြစ်သည်။

ထမင်းဆိုင်မှာ မစားနှင့်၊ သည်မှာ စားပါ။ သူ့တို့အိမ်မှာ မတည်းနှင့်၊ သည် မှာ တည်းပါ။

ဤဝါကျ(၂)ခုစလုံးတွင် 'သည်'သည် ပြောသူနေထိုင်ရာကို ညွှန်ပြသော စကားလုံး ဖြစ်သည်။ 'ကျွန်ုပ်အိမ်မှာ စားပါ။

ကျွန်ုပ်အိမ်မှာ တည်းပါ'ဟု ဆိုမည့်အစား 'သည်မှာ စားပါ၊ သည်မှာ တည်းပါ'ဟု ဆိုခြင်းကြောင့် '(ကျွန်ုပ်)အိမ် ' ဟူသော နာမ်၏အစား 'သည်'ကို သုံးထားခြင်းဖြစ်သည်။

ထို့ကြောင့် 'သည်' သည် အညွှန်းနာမ်စား ဖြစ်သည်။

မောင်ကျော်သည် မွေးနေ့လက်ဆောင်အဖြစ် စက်ဘီးတစ်စီးကို ရသည်။ ၄င်းကို သူအလွန် နှစ်သက်သည်။

ဤဝါကျနှစ်ခုတွင် ပထမဝါကျရှိ 'စက်ဘီး' သည် နာမ် ဖြစ်သည်။

ဒုတိယဝါကျရှိ '၄င်း' သည် ပထမဝါကျရှိ စက်ဘီး ဟူသော နာမ်၏အစားသုံးထား သော နာမ်စားဖြစ်သည်။

ထို့ပြင် 'စက်ဘီး' ဟူသော နာမ်ကိုလည်း ညွှန်ပြ သည်။

ထို့ကြောင့် '၄င်း' သည် အညွှန်းနာမ်စား ဖြစ်သည်။

အမေးနာမ်စား

အမေးသဘောဖြင့် နာမ်ပုဒ်၏ အစားသုံးသော နာမ်စားကို 'အမေးနာမ်စား'ဟု ခေါ်သည်။

သာဓက
ဘယ်ဘာမည်သူ
ဤစာအုပ်ကို ဘယ်က ဝယ်လာသနည်း။ အမေ ဘယ် သွားသနည်း။

ဤဝါကျ(၂)ခုတွင် ပထမဝါကျရှိ 'ဘယ်' သည် စာအုပ်ဝယ်လာသည့် နေရာကို မေးမြန်းခြင်းဖြင့် ဝယ်လာသည့်နေရာ (နာမ်)၏အစားသုံးသော နာမ်စား ဖြစ်သည်။

ဒုတိယဝါကျရှိ 'ဘယ်' မှာမူ အမေသွားသည့် နေရာကို မေးမြန်းခြင်းဖြင့် အမေသွားသည့်နေရာ(နာမ်)၏ အစားသုံးသော နာမ်စား ဖြစ်သည်။

ထို့ကြောင့် 'ဘယ်' သည် အမေးနာမ်စား ဖြစ်သည်။

အမေ ဘာကို ကြိုက်သလဲ။ အမေ ဘာဝယ်လာသလဲ။

ဤဝါကျ(၂)ခုတွင် ပထမဝါကျရှိ 'ဘာ' သည် အမေကြိုက်သည့် အရာကို မေးမြန်းခြင်းဖြင့် အမေကြိုက်သည့်အရာ (နာမ်)၏ အစားသုံးသော နာမ်စား ဖြစ်သည်။

ဒုတိယဝါကျရှိ 'ဘာ' မှာမူ အမေဝယ်လာသည့် အရာကို မေးမြန်းခြင်းဖြင့် ဝယ်လာသည့်အရာ(နာမ်)အစားသုံးသော နာမ်စားဖြစ် သည်။

ထို့ကြောင့် 'ဘာ' သည် အမေးနာမ်စား ဖြစ်သည်။

ဈေးသို့ မည်သူ သွားသနည်း။ ဈေး၌ မည်သူနှင့် တွေ့ခဲ့သနည်း။

ဤဝါကျ(၂)ခုတွင် ပထမဝါကျရှိ 'မည်သူ' သည် ဈေးသို့ သွားသူကို မေးမြန်းခြင်းဖြင့် သွားသူ(နာမ်)၏ အစားသုံးသော နာမ်စား ဖြစ်သည်။

ဒုတိယဝါကျရှိ 'မည်သူ' မှာမူ ဈေး၌ တွေ့ခဲ့သူကို မေးမြန်းခြင်းဖြင့် တွေ့ခဲ့သူ (နာမ်) ၏ အစားသုံးသော နာမ်စားဖြစ်သည်။

ထို့ကြောင့် 'မည့်သူ' သည် အမေးနာမ်စား ဖြစ်သည်။

သင်္ချာနာမ်စား

အရေအတွက်နှင့် ပမာဏကို ပြသော နာမ်စားကို 'သင်္ချာနာမ်စား'ဟု ခေါ်သည်။

Practice

လေ့ကျင့်ရန်

ဤအကြောင်းအရာကို နားလည်ပြီးလျှင် စကားလုံးရှာခြင်း၊ ဝါကျတည်ဆောက်ခြင်း နှင့် speaking pattern များဖြင့် ဆက်လက်လေ့ကျင့်နိုင်သည်။

နာမ်ကြိယာ